တန်ခူးလ ရောက်လျှင် ပြက္ခဒိန်မှာကြည့်ပါက သောကြာနေ့ နှင့် ဗုဒဟူးနေ့များသည် ရက်ရာဇာနေ့ဖြစ်ကြမည်။ပြဿဒါးနေ့၊သမားညိုနေ့၊သမားဖြူနေ့၊၀ရမိတ္တူ၊ အစရှိသော နေ့ နှင့်ရက်တွေကို ဗေဒင်ဝေါဟာရနှင့်ဖွင့်ဆိုခြင်းတွေပါလာမည်။
အဆိုပါ နေ့ နှင့် ရက်များ သတ်မှတ်ပုံသည် တန်ခူးလ ဟူသော ဝေါဟာရကိုအခြေတည်သတ်မှတ်ခြင်းဟု ဆိုနိုင်သည်။တန်ခူးလ စင်စစ်ဝေါဟာရလဟုဆိုနိုင်သောကြောင့်ဖြစ်သည်။တန်ခူးလရောက်တိုင်း လဆန်း ရက်များနှင့်လဆုတ်ရက်များစုစုပေါင်းတလလုံး သူရဇ္ဖ ၁နွေ မိဿ ရာသီ မှာ ၀ဂ္ဂသွားသည်ဟုမဆိုနိုင်ချေ။တန်ခူးလပြည့်နေ့ရောက် စန်းယဉ်နက္ခတ်သည် စိတြ ဟုတ်ချင်မှဟုတ်မည်။လပြည့်နေသည်လည်း ဝေါဟာရလပြည့်ပင်ဖြစ်သည်။တန်ခူး ၊ မိဿ နှင့် စိတြ တို့ အပေါင်းအဖေါ် သုံးဦးသည် 3 factors ဖြစ်ပြီး ရာသီစက်နှင့်ညှိနိုင်းထားခြင်းပင်ဖြစ်သည်။ ဝေါဟာရ နှင့် နက္ခတ္တ ကိုက်ညီချင်မှကိုက်ညီလိမ့်မည်။ရာသီစက်တွင်လည်ပတ်နေသေဲာဲဂိုဟ်များဖြင့်ချိန်ဆထားသော်လည်း နောက်ဆက်တွဲသတ်မှတ်ချက်ဖြစ်ကြသော ရက်ရာဇာ ပြဿဒါး သမားညို သမားဖြူ တို့ကား semi-factors of myanmar calendar months in namely,not in celestial order of the zodiac.သာဖြစ်ပါသည်။
ဆက်လက်ဖေါ်ပြပါမည်။